အိပ်စက်ခြင်းသည် ဘဝ အချိန်၏ ၃ ပုံ ၁ ပုံထက် ပိုများပါသည်။ သက်တမ်း ၈၀ နှစ်ဟု ဆိုပါက ကျွန်ုပ်တို့ အိပ်စက်ရသည့် ကာလသည် ၂၅ နှစ်ထက် ပိုများပါသည်။ အိပ်စက်နေစဉ် ခန္ဓာကိုယ်သည် ကိုယ်တွင်းစနစ်များ အနားယူရန်၊ ပြန်လည်ကောင်းမွန်လာရန်နှင့် အာရုံကြောစနစ်နှင့် ခန္ဓာကိုယ်အတွင်းရှိ ဓာတုပစ္စည်းများကို စနစ်တကျ ပြန်လည်စီစဉ်ရန် အထောက်အကူ ပြုပါသည်။ ထို့ကြောင့် အရည်အသွေးရှိသော အိပ်စက်ခြင်းသည် ဘဝအတွက် အလွန်အရေးကြီးပါသည်။ သို့သော် ကျွန်ုပ်တို့ အမှန်တကယ် ပုံမှန် အိပ်စက်နေကြောင်း မည်သို့ သေချာနိုင်မည်နည်း။

အရည်အသွေးရှိသော အိပ်စက်ခြင်းသည် အိပ်ချိန် နာရီအရေအတွက်တစ်ခုတည်းနှင့် မကန့်သတ်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း၊ နိုးလာသည့်အခါ လန်းဆန်းခြင်းနှင့် ခန္ဓာကိုယ် အမှန်တကယ် အနားရခြင်းကိုလည်း ဆိုလိုပါသည်။

အိပ်စက်ခြင်းနှင့် ဆက်စပ်၍ ဖြစ်ပေါ်နိုင်သော အန္တရာယ်များတွင် အိပ်နေစဉ် အသက်ရှူရပ်ခြင်း (Obstructive Sleep Apnea)၊ အိပ်မပျော်ခြင်း (Insomnia)၊ ပုံမှန်မဟုတ်ဘဲ အိပ်ငိုက်ခြင်း (Hypersomnia)၊ Circadian rhythm disorder)၊ အိပ်နေစဉ် ပုံမှန်မဟုတ်သော အပြုအမူ (Parasomnia) နှင့် အိပ်စက်စဉ် ပုံမှန်မဟုတ်သော အပြုအမူ (Sleep related movement disorder) တို့ ပါဝင်ပါသည်။ ၎င်းတို့ကို လက္ခဏာ အမျိုးမျိုးမှ သတိပြုမိနိုင်ပါသည်။ ကိုယ်တိုင် သတိပြုမိနိုင်သော လက္ခဏာများနှင့် အခြားသူများကို ကူညီ စောင့်ကြည့်ပေးရန် မေးမြန်းရမည့် လက္ခဏာများ နှစ်မျိုးလုံး ရှိပြီး အောက်ပါ လက္ခဏာများကဲ့သို့ ဖြစ်ပါသည်။

▸ အိပ်မပျော်ခြင်း။ ၎င်းသည် အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ စိုးရိမ်ပူပန်ခြင်းနှင့် အတွေးလွန်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ၊ အာရုံကြောကို လှုံ့ဆော်သည့် အာနိသင်ရှိသော ဆေးဝါးအချို့၊ ရောဂါ အမျိုးမျိုး၊ အလင်းရောင်နှင့် အသံကဲ့သို့ အိပ်မပျော်စေသော ပတ်ဝန်းကျင် အချက်များ သို့မဟုတ် အကြောင်းရင်း မသိရဘဲ အိပ်မပျော်ခြင်းတို့ ဖြစ်ပါသည်။ နိုးလာသည့်အခါ မလန်းဆန်းခြင်း၊ ခေါင်း အုံ့အုံ့ကိုက်ခြင်းနှင့် ပါးစပ် ပုံမှန်မဟုတ်ဘဲ ခြောက်ခြင်းတို့ ရှိပါသည်။

▸ အိပ်စက်ခြင်း အလွန်အကျွံ များခြင်း။ ၎င်းသည် အာရုံကြောစနစ် ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ပြီး လုံလောက်စွာ အိပ်ပြီး အိပ်ရေး မပျက်သော်လည်း အိပ်ငိုက်နေခြင်း ဖြစ်ပါသည်။ ဥပမာ Narcolepsy ရောဂါ၊ ရုတ်တရက် အိပ်ပျော်သွားခြင်း၊ နေ့ဘက်တွင် ပုံမှန်မဟုတ်ဘဲ အိပ်ငိုက်ခြင်း၊ အိပ်ရာတွင် ကိုယ်လက် မလှုပ်နိုင်ဖြစ်ခြင်း (sleep paralysis) စသည်တို့ ဖြစ်ပါသည်။

▸ ပုံမှန်မဟုတ်သော အချိန်များတွင် အိပ်စက်ခြင်း။ ဥပမာ ပုံမှန်မဟုတ်ဘဲ နောက်ကျမှ အိပ်ပြီး နောက်ကျမှ နိုးခြင်း၊ Phase sleep disorder သို့မဟုတ် Irregular sleep-wake rhythm တို့ ဖြစ်ပါသည်။

▸ အိပ်နေစဉ် ပုံမှန်မဟုတ်သော အပြုအမူများ။ ဥပမာ အိပ်နေစဉ် သွားကြိတ်ခြင်း (Bruxism)၊ အိပ်ရင်း လမ်းလျှောက်ခြင်း၊ ဟောက်ခြင်း၊ ခြေထောက် တွန့်လှုပ်ခြင်း၊ တက်ခြင်း၊ Rapid eye movement parasomnia နှင့် အသက်ရှူ ခက်ခဲခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ ဖြစ်ပါသည်။

▸ အိပ်နေစဉ် အသက်ရှူရပ်ခြင်း အခြေအနေ

လက္ခဏာအချို့သည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လောက်အောင် ပြင်းထန်သော အန္တရာယ် ရှိနိုင်သည့် ရောဂါ၏ အချက်ပြမှု ဖြစ်ပါသည်။ လူနာအများစုသည် ဤပုံမှန်မဟုတ်မှုများကို ကိုယ်တိုင် သတိမပြုမိကြလေ့ ရှိပါ။ နီးစပ်သူတစ်ဦးက အချက်အလက် ပေးပါက သို့မဟုတ် အထက်ပါ လက္ခဏာများနှင့် ဆင်တူသော လက္ခဏာများ တွေ့ရှိပါက ကောင်းမွန်သော ကျန်းမာရေးအတွက် ဆရာဝန် သို့မဟုတ် ဝန်ထမ်းများထံမှ ရောဂါရှာဖွေဖော်ထုတ်ချက် ခံယူသင့်ပါသည်။ ဥပမာ Polysomnogtraphy ကိရိယာဖြင့် အိပ်စက်ခြင်းကို စမ်းသပ်စစ်ဆေးခြင်း သို့မဟုတ် Sleep test ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။